Saturday, December 1, 2007

Points to ponder

“If you slaughter the monks and those calling for democracy, when your regime falls, and it will fall, you will be pursued to every corner of the globe like the Nazi criminals before you,” said the hawkish legislator from California. Republican Congressman Dana Rohrabacher,

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ(နအဖ)စစ်အစိုးရရဲ့လမ်းပြမြေပုံအတိုင်း ဆက်သွားဖို့မဟုတ်ဘူး။ ထို့အတူပါပဲ လမ်းပြမြေပုံရောက်ရှိနေတဲ့အဆင့် (တတိယအဆင့်) ကနေ ပါဝင်လုပ်ဆောင်ဖို့လည်း မဟုတ်ပါဘူး။

(နအဖ)စစ်အစိုးရပြောနေတဲ့“တွေ့ဆုံဆွေးနွေးရေး” ဆိုတာဟာသူတို့သဘောနဲ့သူတို့တစ်ဖက်သတ်ချမှတ်ထားတဲ့လမ်းပြမြေပုံမှာကျန်တဲ့သူတွေကခေါင်းငုံ့ဒူးထောက်ပြီး ပါဝင်ပူးပေါင်း ဆောင်ရွက်ဖို့ ပဲဖြစ်ပါတယ်။တူမောင်ညို( Burmatoday)

ခပ်ချာချာပြည်သူလူထု ရဲ့ အထင်ကရ အားနည်းချက်နှစ်ခု ( သို့ ) အစွန်းနှစ်ဖက် ကတော့
၁။ခေါင်းဆောင်ရှိမှထွက်ရဲတဲ့သတ္တိမျိုးနဲ့၂။တစ်ယောက်ယောက်က ခေါင်းဆောင်ပြီးလုပ် နေရင်ငါလည်းဘာလို့ ခေါင်းမဆောင် နိုင်ရမှာလဲ ဆိုတဲ့ ပွဲဖျက်မဲ့အတွေး မျိုးရှိနေခြင်းပါ ။

ဒီနေ့ကျွန်တော်တို့ နိုင်ငံဟာထုံပေပေလူထုကြီးမားခြင်း ( ၁ ) နဲ့ လူတိုင်းခေါင်းဆောင် လုပ်ချင်ထင်ပေါ်ကျော်ကြား ချင်တဲ့အတွေး ( ၂ ) ရဲ့ အောက်မှာ အလူးအလဲဖြစ် နေရင်းစစ်အစိုး ရရဲ့ ငါးမြှားတံ မှာပါးဟက် တွေကွဲပြဲပြီးသွေးထွက်နေရတာပါ ။
ကျွန်တော်တို့ဒီအစွန်းနှစ်ဖက်ကိုခွာရမယ်။မဇ္စျိှမပဋိပဒါကိုလျှောက်ရမယ်။

မဇ္စျိှမပဋိပဒါ ဆိုတာကတော့ နောက်ကလိုက်ဆိုလိုက်မယ် ။ ခေါင်းဆောင်ရတော့မှာ ဆိုရင်လည်း ရယ်ဒီပဲဆိုတဲ့ ခံယူချက်ပါ ။ခေါင်းဆောင်စွမ်းရည် ရှိဖို့လည်းကြိုး စားရမှာပေါ့ ။ အဲဒီအဖွဲ့အစည်း ဟာအောင်မြင်တဲ့ အဖွဲ့အစည်းပါ ဇင်ဝေသော်( အေ အို အေ ဘီ )

No comments: