Wednesday, December 5, 2007

ဖတ် မိ တာ

အားကိုးနိုင်လောက်တဲ့ လူမရှိပါ။ (ဘိုဘိုကျော်ငြိမ်း)

ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ အင်္ဂလိပ်က စစ်ပန်းလျက် ရှိတယ်။ ချာချယ်ပြုတ်ပြီး အက်တလီ တက်လာတယ်။ အစိုးရ အပြောင်းအလဲ ဖြစ်တယ်။ တခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ကြီးနောက်မှာ ပြည်သူတွေ တခဲနက်ရှိ တယ်ဆိုတာ ထင်ရှားတယ်။ ဖဆပလနောက်မှာ တော်လှန်မှုဖြစ်က တော်လှန်နိုင်တဲ့ စစ်တပ်ရှိတယ်။ စစ်မှုထမ်းဟောင်း တွေဖြစ်တဲ့ (ပြည်သူ့ရဲဘော်) အဖွဲ့တွေ ရှိတယ်။ စစ်အပြီးမို့ လက်နက်ကလည်း မရှားလှပါ။ ဒါတွေအားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ အင်အားတွေ ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေးကို တနှစ်အတွင်းပေးဆိုပြီးရင်ကော့ ပြီး တောင်းနိုင်ခဲ့ကြတာပါ။

ဒေါ်စုနောက်မှာ NLD ဆိုတာ ရှိပေမယ့် အားကိုးရမယ့် ဗိုလ်ချုပ်တင်ဦးနဲ့ ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်တွေကို ဒေါ်စုနည်းတူ ဖမ်းဆီးထားတယ်။ ဒေါ်စုခမျာ နောက်လှည့်ကြည့်လျှင် ရဲရဲကြီး အားကိုးနိုင်လောက်တဲ့ လူမရှိပါ။

ဒါကြောင့် ဒေါ်စုကို စစ်ဗိုလ်လူမိုက်တစု ဗိုလ်ကျ စော်ကားလာရင် (အင်အားပြဖို့၊ လူထုအုံကြွမှုကို ဖော်ဆောင်နိုင်ဖို့၊ နိုင်ငံရေး အဆောက်အအုံ လိုအပ်ပါတယ်။ ဒီနိုင်ငံရေး အဆောက်အအုံ (political infrastructure) ကို ကျနော်တို့ အားလုံး (၀ိုင်း) တည်ဆောက်ရပါမယ်။

ဆန္ဒပြမှုတွင်ဖမ်းဆီးစာရင်း

သံဃာတော်များနှင့် လူပေါင်း (၂,၉၂၇) ဦးကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီး ၎င်းတို့ထဲမှ (၂,၈၃၈) ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် (၉) ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း လူပေါင်း (၈၀) ဦးကို ဖမ်းဆီးထားဆဲဖြစ်ကြောင်း သံဃာ (၂၁) ဦးနှင့် ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င်
လူပေါင်း (၅၉) ဦး ပါဝင်ကြောင်း ဗိုလ်မှူးချုပ်ခင်ရီက ပြော။

ဆန္ဒပြမှုတွင်ပါဝင်ခဲ့သူ ဖမ်းဆီးခံနေ ရသည့် အန်အယ်လ်ဒီအဖွဲ့ဝင်များပင်လျှင် (၈၀) ဦးခန့်ရှိနေသေး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီ၏
ယခုလ (၁) ရက်ထုတ်စာရင်းအရ နအဖစစ်အစိုးရက သံဃာတော်များနှင့် ၈၈ မျိုးဆက် ကျောင်းသားများအပါအ၀င် လူပေါင်း (၇၀၆) ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်ဟု သိရသည်။

ဝန်ထမ်းသပိတ်

နအဖ စစ်အစိုးရ၏ ယန္တရား ရပ်ဆိုင်းရေးအတွက် ဝန်ထမ်းများအနေဖြင့် ၂ဝဝ၈ ခုနှစ် လဆန်းတရက်မှ စတင်ကာ လုပ်ငန်းခွင်သို့ မသွားဘဲ နေအိမ်အတွင်း နေထိုင်ကာ ဆန္ဒပြရန်အတွက် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်းတခုက တိုက်တွန်းနှိုးဆော်နေသည်။ (Mizzima 05/12/07)

SPDC Constitution Fundamentals

The following appear to be some of the SPDC drafted constitution parameters:

The president of the country must have at least 10 years of military service.

Establishment of a bicameral system with an indirectly elected Upper House and a Lower House, which in theory will be elected by universal suffrage. However, 25% of seats in both houses will be filled by non-elected military officials.

The minister of defense and the minister of border areas development will be appointed by the commander-in- chief of the armed forces, not by the parliament or the prime minister.

In case of emergency the military will have the constitutional right to seize power and that seizure should be considered legitimate.

The draft constitution stipulates that a member of the assemblies should have no connection with any foreign government, or children who are not Myanmar citizens.

No comments: