Monday, November 26, 2007

Change Country Name

၁၀၊ ၁၁၊ ၂၀၀၇-နေ့က လာအိုမှာ အလုပ်လုပ်တဲ့သူတယောက်နဲ့တွေ့လို့ အခြေအနေကို မေးကြည့်တယ်..။ သူက “တနိုင်ငံလုံး မီးရတယ်။ ရေအဆင်ပြေတယ်။ မိုဘိုင်းဖုန်းဆို အတော်ဈေးချိုတယ်..၊ ဗမာငွေ သုံးသောင်းလောက်ဆို သုံးလို့ရတယ်..။ ဒါပေမဲ့ လမ်းပမ်းဆက်သွယ်ရေးကတော့ နဲနဲ အဆင်မချောလှဘူး” တဲ့...။ ကျနော်တို့ဆီမှာတော့ ဆောက်လိုက်တဲ့ဆည်တွေ..၊ လုပ်လိုက်တဲ့ ရေအားလျှပ်စစ်တွေ..။ မစားရ၀ခမန်း ပါပဲ..။ ၀န်ကြီးတွေ..။ ညွှန်ချုပ်၊ ညွှန်မှူးတွေ ချမ်းးသာသွားတယ်..။ ပြည်သူတွေကတော့ ဒုက္ခပင်လယ်ဝေဆဲ..။
ကျနော်ကတော့ ဗမာမှ မြန်မာ ပြောင်းသလို..။ မြန်မာ မှသည် အားလုံးရှား (Allsia) နိုင်ငံလို့ပြောင်းရင် ကောင်းမယ်လို့ အကြံပေးရမလိုဖြစ်နေပြီ..။
ဘာ့ကြောင့်လဲဆိုတော့ မလေးရှား၊ အင်ဒိုနီးရှား၊ ရုရှားစတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံနေတာကိုး..။ အားလုံးရှားနိုင်ငံဆိုတော့ ပတ်ဝန်းကျင်နဲ့လဲ လိုက်လျှောညီထွေရှိသွားတာပေါ့..။ ဟုတ်ဘူးလား... နီသွေး


ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက မွေးသဖခင်ကြီး ပြောတဲ့ Burmaysia ကိုသတိရတယ်။ ဘာမေးမေးရှားလို့လေ။ Allsia လည်းကောင်းပါတယ်။မောင်မောင်လေး

No comments: