Friday, January 11, 2008

တာဝန်

လက်ရှိ ဗမာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ တိုင်းပြည်ရဲ့ရာဇဝင်ကို ပြောင်းလဲနိုင်တဲ့ လမ်းခွကို ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဆွေးနွေးခြင်းနဲ့ တိုင်းပြည်အတွက် အဖြေရှာနိုင်ကြမယ် ဆိုရင်တော့ အကောင်းဆုံးဘဲပေါ့။ ဒါပေမဲ့ အာဏာ လက်ကိုင်ထားသူတွေက နိုင်ငံရေး ကျားကစားပြီး အချိန်ဆွဲကစားမယ် ဆိုရင်တော့ ဒီတချီအနာခံပြီး အောင်မြင်အောင် တွန်းလှန်ကြဖို့ပဲ ရှိပါတော့တယ်။
တိုင်းပြည်ကို တကယ်ချစ်ရင် (လေ)နဲ့တင် ချစ်လို့ မရပါ။ ဝိုင်း (လုပ်)၊ ဝိုင်း ကြိုးစားကြရင် (အမာခံ) အင်အားကနေ (အခြေခံ) အင်အားကို ဖော်ဆောင်၊ အဲဒီကနေ (အရှိန်) ကို ယူပြီး (တကယ့်) အင်အားကို ဖော်ဆောင်ကြရပါမယ်။
မြန်မာနိုင်ငံသားတွေ ပါဝင်တဲ့ (အင်အား) ကို ဖော်ဆောင်နိုင်ရင် ကူညီချင်တဲ့ နိုင်ငံတွေ၊ ကူညီနေတဲ့ နိုင်ငံတွေက ပိုကူချင် ကူညီလာမှာပေါ့။ အားရင် အင်တာနက်ပေါ်က စိတ်နဲ့ လေနဲ့ပဲ ကူညီကြပြီး ကိုယ်ထိလက်ရောက် မကူညီကြရင်၊ ကိုယ်ကျိုး မစွန့်နိုင်ကြရင် Dialogue တွေ Compromise တွေနဲ့ပဲ စခန်းသွားရင် တိုင်းပြည်ဟာ စစ်အာဏာရှင်တွေရဲ့ ဂုတ်သွေးစုပ်မှုကြောင့် အဖတ်ဆယ်ရတော့မှာ မဟုတ်ဘူးပေါ့။ တရက်နောက်ကျလေ ကျနော်တို့ နိုင်ငံဟာ ကမ္ဘာကြီးမှာ တရက်စာ နောက်ကျ ကျန်ခဲ့မှာပါ။
(မှတ်ချက် - အပြင်မှာ ကိုယ့်အလုပ်ကိုယ် မလုပ်ပဲ Dialogue နဲ့ အချိန်မဖြုန်းစေချင်ပါ။ Dialogue ကိုဒေါ်စု ဦးဆောင်ပါလိမ့်မည်။)

ဒါကြောင့် ဘယ်သူ့ရဲ့ ခေါင်းဆောင်မှုကိုမှ စောင့်မနေကြပါနဲ့တော့။ နီးစပ်ရာ လူစုပြီး ဘုရားသားတော် ရဟန်း သံဃာတော်တွေကို ထောက်ပံ့ကြပါ။

ဒီကတဆင့် တဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့စုပြီး အင်အား တည်ဆောက်ကြပါ။ အောက်ခြေက အင်အားတည်ရင်း အရည်အချင်းရှိသူတွေ စေတနာမှန်သူတွေ ပေါ်လာပါလိမ့်မယ်။ ဒီလို အင်အားရှိလာရင် အခြေခံအင်အားကို အောက်ခြေက တည်ဆောက်သူတွေနဲ့ လက်ရှိလှုပ်ရှားနေတဲ့ အရည်အချင်း ရှိသူတွေနဲ့ ပေါင်းစပ်မိလာရင် အင်အားဆိုတာ ပေါ်လာပါလိမ့်မယ်။ ဒီ အဝေးရောက်အင် အားကမှ ပြည်တွင်းမှာ အင်အားတည်ဆောက်ဖို့ ကူညီပံ့ပိုး နိုင်ပါလိမ့်မယ်။

ဘိုဘိုကျော်ငြိမ်း

Source: Mizzima web

more detail

No comments: