Monday, April 12, 2010

ရန်ငြိမ်းအောင် (လူငယ်)၏ NLD ရပ်တည်ပုံအသစ်

(က) အဖွဲ့ချုပ် စထောင်ကတည်းက ရှိခဲ့သော အထက်အောက်ဆက်ဆံရေး Vertical (သို့) Hierarchical organizational model (သို့) ပိရမစ်ပုံစံ ဖွဲ့စည်းပုံ (သို့) Max Weber ၏ Bureaucratic model ကို နှမြောမနေပါနှင့်။ ထိုပုံစံသည် ပုံပျက်နေပြီ ဖြစ်သည့်အပြင် အသုံးမတည့်တော့ပါ၊ လွှင့်ပစ်လိုက်ပါ။

(ခ) အကြောဆုံချက် (Node) နှင့် ချိတ်ဆက် (Link) များကို အခြေခံသော ကွန်ယက် (Network organization) ကို တပြေးညီဆက်သွယ်ရေး (Horizontal) ပုံစံဖြစ်အောင် အဖွဲ့ချုပ်တွင် လက်ရှိ ကျန်နေသူများနှင့် ပြန်လည်ဖွဲ့စည်းပါ။ မှတ်ပုံတင်ရန် မလိုပါ။ တရားလည်း ဝင်ပါသည်။

(ဂ) အဖွဲ့ထဲက လက်ရှိများသာမက၊ ထွက်ထားသူ၊ ထုတ်ထားသူ၊ အပြင်က လှုပ်ရှားသူ၊ အားပေးသူ၊ ယုံရသူ၊ မယုံရသူ စသည့် နယ်စည်းခြားနားခြင်းများကို လျှော့ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများ (ဒီ/လှုပ်) နှင့် စိတ်ဝင်စားသူ၊ အားပေးသူ အားလုံး ဆက်သွယ်ရေးလမ်းကြောင်း (Communication links) များ ဖွင့်ပါ။ မိမိကွန်ယက် (Network) နှင့် ချိတ်ဆက်ပါ၊ ဆက်သွယ်ရန် နည်းမျိုးစုံကို သုံးပါ။

(ဃ) ထို့နောက်တွင် Node တခုစီက မိမိတို့ ယုံကြည်ရာကို မိမိတို့ဘာသာ အမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ပါသည် (သို့) အဆက်အသွယ်ရှိသော အခြား Node များနှင့် ညှိနှိုင်းပူးပေါင်း၍ Synchronize (တပြေးညီ) လှုပ်ရှားမှု လုပ်ပါ။

(င) တပြည်လုံး၏ Network အားလုံး၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ခံယူထားပါ။ Node များတွင် အပေါ်/အောက်ဟူ၍ မရှိသော်လည်း ဗဟိုနှင့် အဝန်းဒေသ (Center and Peripheral) ဟူ၍ ရှိမည်ဖြစ်ပါသည်။
http://www.mizzimaburmese.com/edop/songpa/5194-nld--.html

No comments: