Monday, April 5, 2010

ဘာ လုပ်ကြမလဲ

NLD က မှတ်ပုံမတင်ဘူးလို့ ကန့်ကွက်သူမရှိ တခဲ နက် အတည်ပြုဆုံးဖြတ်ခဲ့ပါတယ်။
နအဖက တော့ ရွေးကောက်ပွဲကို တဖတ်သက်ကျင်းပပြီး ၂၀၀၈ အ ခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့ လုပ်မှာပါပဲ။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော်၊သျှမ်းပြည် တပ်မတော် ၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ ၊ မွန်ပြည်သစ်ပါတီစသည့် လက်နက်ကိုင်အဖွဲ့များက တော့ အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ယနေ့တိုင် ရေငုံနှုတ်ဆိတ် နေ ပါတယ်။

“ကောင်းပြီ။ ဒီလိုအခြေအနေမှာ ဘာ လုပ်ကြမလဲ” အဓမ္မဘက်တော်သားလုပ်မလား၊ ဓမ္မဘက်တော်သားအဖြစ် ရပ်တည်မလား

မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရဖီဆန်ရမယ့် တိုက်ပွဲကို တိုက်ကြ ရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို BOYCOTT လုပ် မပူးပေါင်းမဆောင်ရွက်ရေး ကို ညီညီညွတ်ညွတ်လုပ်ဆောင်ဖို့ လို ပါတယ်။
အတိုက်အခံ အင်အားစုများအနေဖြင့် စည်းလုံးပြီး ရွေးကောက်ပွဲအပေါ် ကျယ်ပြန့်စွာ သပိတ်မှောက်ရမယ်

No comments: