Wednesday, April 28, 2010

ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊

“ရုံးတွေက ဆိုင်းဘုတ်တွေ ဘာတွေကတော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် မချနိုင်ဘူး၊ ဒီလို ပါတီကို ပျက်ပြယ်စေတယ် ဆိုတာလည်း တပ်မတော် အစိုးရကလုပ်တဲ့ ဥပဒေပဲ၊ အဲတော့ သူ့အနေနဲ့တော့ ကိုယ့်ဆိုင်းဘုတ် ကိုယ် ဖြုတ်တာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ရုံးတွင်းပစ္စည်း ဘာညာကိစ္စကတော့ ကိုယ့်ဟာကိုယ် ထိန်းသိမ်းထားမယ်။ အဖွဲ့ချုပ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ ပြန်လွတ်မြောက်လာမှ၊ ပြန်လွတ်မြောက်ဖို့ နိုဝင်ဘာကိုလည်း မျှော်လင့်တယ်ပေါ့ဗျာ၊ အဲဒီကျရင် သူ ပြန်လည် စိစစ်မယ်။ ဒီသဘော ပြောပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခွင့်ရခဲ့တဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

No comments: