Friday, June 25, 2010

Burma Copper for China Weapon.

Abundant copper reserves in Monywa, in northern Burma's Sagaing Division, are “of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar [Burma],”
Statement released by the China North Industries Corporation (CNIC), formerly US-banned Chinese weapons manufacturer, at its website.
See detail at http://www.irrawaddy.org/article.php?art_id=18798

Monday, June 21, 2010

U WIN TIN MESSAGE TO SINGAPORE BURMESE ON DAW SU 65 BIRTHDAY


အဲဒီ ရွေးကောက်ပွဲ ဥပဒေများထဲမှာ အဓိကတော့ ဘာကိုရည်ရွယ်တာလဲ ဆိုတော့ NLD ကိုရော၊ ဒေါ်စုကိုရော နိုင်ငံရေးလောက ကနေပြီးတော့ ဖယ်ရှားဖို့ပေါ့။ ဖယ်ရှားပြီးတော့ ပ’ထုတ်ဖို့ ဆိုပြီးတော့ လုပ်တဲ့ဟာပဲလို့ တထစ်ချ ပြောလို့ ရပါတယ်။

စစ်အစိုးရ ဆက် ပြီးတော့ကာ အာဏာသက်ဆိုးရှည်ရေး ကိစ္စတွေကိုပဲ လုပ်တာဖြစ်တော့ - ဒီအခြေခံဥပဒေကို ကျနော်တို့က ငြင်းပယ်တဲ့ဟာက အခု ၂၀၁၀ ရောက်တဲ့အခါမှာဆိုရင် ဒါ အထွတ်အထိတ်ပဲ။ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ NLD နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဗမာပြည် နိုင်ငံရေးဖြစ်စဉ်ကြီး တခုလုံးက နေပြီးတော့ ဖယ်ရှားဖို့၊ တွန်းထုတ်ဖို့၊ ပ’ထုတ်ဖို့ လုပ်တာ ဖြစ်

ကျနော်တို့ဟာ ပြည်တွင်း ရော၊ ပြည်ပရော ဒီမိုကရေစီလိုလားတဲ့ အင်အားစု အားလုံးကနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တသွေးထဲ တသားထဲ လက်တွဲခိုင်ခိုင်၊ မြဲမြဲဆုပ်ကိုင်ပြီး၊ ဆက်လက် ပြီးတော့ ရုန်းကန်ကြိုးပမ်းကြပါ။ စစ်အာဏာရှင်တွေကို ဖျက်ဆီးဖို့၊ ဖြိုချဖို့အတွက် အားထုတ်ကြပါ။

For details: moemaka.blogspot.com

Saturday, June 12, 2010

ဂျင်ဝက် ဘာမှ အဓိပ္ပါယ်မရှိတာတွေကို လုပ်တယ်။ ဦးဝင်းတင်ဝေဖန်


သူ့မှာ သြဇာသိက္ခာ ရှိနိုင်သလောက် ရှိရဲ့သားနဲ့ မှန်ကန်တဲ့နေရာမှာ အသုံးမချဘူး။ စစ်အစိုးရဖက်က ဘက်လိုက်ပြီးတော့ သူရဲ့ သြဇာတွေ သိက္ခာတွေကို အလွဲသုံးလိုက်တယ်။ မဆိုင်တဲ့ အပေါက်က ဂလိုင်နဲ့ ခေါက်တယ်
ဂျင်ဝက်ရဲ့ စကားတွေ၊ သဘောထားတွေ ကြည့်လိုက်လို့ ရှိရင် အမှားအယွင်းတွေ အများကြီးပါတယ်။
ဂျင်ဝက်ပြောတဲ့အထဲမှာ သူတဦးတည်း သဘောထားအနေနဲ့ နိုင်ငံတကာမှာ လျှောက်ပြောနေတာက ဘာတဲ့ … အင်န်အယ်ဒီလည်း ကွဲပြီ တဲ့။ အဲသည်လို ကွဲထွက်လာကြပြီးတော့ အခု လွှတ်တော်ထဲမှာလည်း အင်န်အယ်ဒီအင်အားစုတွေကလည်း ၀င်ပြီ အရွေးခံကြတော့မယ် တဲ့။ အဲသည် ပြောတဲ့စကား ၂ ခု ပါတယ်။ အဲသည် သဘောထား ၂ ခု ပါလာတယ်။
  ဒီသဘောထား ၂ ခုဟာ အလွန်ကို မှားပါတယ်။ ဖောက်ပြန်ပါတယ်။ လွဲပါတယ်။ စေတနာဆိုးနဲ့ ပြောတဲ့စကားလို့ ပြောချင်ပါတယ်။ အင်န်အယ်ဒီက ဘယ်တုံးကမှ မကွဲခဲ့ပါဘူး။ 

အင်န်အယ်ဒီက ကွဲထွက်ပြီး ပါတီထောင်တဲ့ကိစ္စ၊ ရွေးကောက်ပွဲဝင်ကြတဲ့ ကိစ္စ။ ခုနက ပြောခဲ့သလို အင်န်အယ်ဒီက မကွဲဘူး။ သူတို့ဖာသာ သူတို့ ပါတီထောင်တဲ့အချိန်မှာ လက်ရှိဥပဒေတွေအရ အင်န်အယ်ဒီပါတီက မရှိတော့တဲ့အတွက် အင်န်အယ်ဒီကနေ ကွဲပြီး ပါတီထောင်တာလို့ ပြောလို့ မရဘူးဆိုတာကို သိသာစေချင်တယ်။ သူတို့ဟာ အင်န်အယ်ဒီရဲ့ အပဲ့အစင်တွေဗျာ။ Split မဟုတ်ဘူးဗျ၊ ကွဲတာ ပြဲတာ မဟုတ်ဘူး။ Splinter ဗျ။ ကျောက်တုံး ကျောက်ဆောင်ကြီးကို တူနဲ့ ထူရင် အမှုံအမွှားကလေးတွေဗျ၊ အပဲ့အစင်လေးတွေ။ ဘေးရောက်သွားတဲ့ လူတွေ။

ခုလက်ရှိ အခြေခံဥပဒေတွေနဲ့ ရွေးကောက်ပွဲအလားအလာဟာ စစ်အာဏာရှင်တွေ သက်ဆိုးရှည်စေဖို့ပဲ ဖြစ်တယ်လို့လည်း ဂျင်ဝက်ကိုယ်တိုင်က ၀န်ခံပြီးပြောလိုက်ပြန်သေးတယ်။ ရွေးကောက်ပွဲကနေပြီးတော့ ပြည်သူလူထုတွေအပေါ်မှာ အများကြီးချုပ်ကိုင်မှုတွေ လုပ်သွားမယ် ဆိုတာ သူ ၀န်ခံထားပါသေးတယ်။ အဲသည်ကြားထဲကနေ ရွေးကောက်ပွဲကို ၀င်ကြပါလို့ ပြောတာဟာ ဘာလဲလို့ ကျနော် ပြောချင်တယ်။
          ဘာနဲ့တူသလဲ ဆိုတော့ - ဒီလမ်းကတော့ ငရဲကို သွားတဲ့ လမ်းပါပဲ ခင်ဗျာ။ နောက်ပြီးတော့ ငရဲဆိုတာကလည်း အလွန်ပူလောင် လောင်မြိုက်တဲ့ နေရာကြီးပါပဲ ခင်ဗျာ။ သို့သော် ဒီလမ်းကိုတော့ သွားသင့်ပါတယ်၊ လျှောက်သင့်ပါတယ် ခင်ဗျာ လို့ ပြောသလို၊ တိုက်တွန်းနေသလိုဖြစ်နေတယ်။ လူတွေကို ငရဲသွားမယ့်လမ်းမှန်း သိသိကြီးနဲ့ တွန်းပို့နေတာဟာ ကမ္ဘာနိုင်ငံရေးသမားတယောက်အနေနဲ့ လုပ်သင့် ပြောသင့်တဲ့ အလုပ်မဟုတ်ဘူးလို့ ပြောချင်တယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေး၊ ဆွေးနွေးညှိနှိုင်းရေး၊ နို့မဟုတ်ရင်လည်း အကုန်လုံး အစကနေ အသစ်ပြန်လည် ရေးဆွဲရေးတို့ကို မပြောဘဲနဲ့ ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းမယ့်၊ အတည်ပြုမယ့် ရွေးကောက်ပွဲကြီးကို ကောင်းလှပါချည်ရယ့်၊ ၀င်ကြပါလှည့် ဆိုပြီး ကြော်ငြာမောင်းခတ်နေတာကတော့ အကျိုးမရှိဘူး၊ မဆိုင်တဲ့အပေါက်က ဂလိုင်နဲ့ ခေါက်နေတာပဲ
source: Moemaka; http://moemaka.com/index.php?option=com_content&task=view&id=6586&Itemid=1

Friday, June 4, 2010

The Junta to go Nuclear; Believe it or not?

DVB is releasing documentary that show Burma trying to build medium-range missiles such as SCUDs under MOM with North Korea..

The news(Burma building nuclear) has been spread for a long time but for me it is hard to believe. Because, I believe that Burma don’t have enough technology and capable scientists. According to DVB, Major Sai Nay Win, trained as mechanical engineer at Military Technology University and later trained at Moscow , provided information on nuclear programs such as many colour photographs and his two visits to the nuclear battalion at Thabeikkyin, north of Mandalay.
My reliable source from Burma told me that experimental uranium processing of ores produced from Pimpet mines, near Taung gyi has been carried out under supervision of military special task force(according to Sai it is nuclear battalion) which are formed with army officers who have been trained as geologist, metallurgist and mining engineers during their undergraduate study at the University in Burma.

Thursday, June 3, 2010

Why Chinese Premier Wen Jiabao visit Burma

-China’s foreign trade with Burma reached US $1.8 billion in 2009.
- China's has multi-billion dollar energy projects in Burma. (2,000-km oil pipeline from Burma’s Arakan State to China’s Yunnan Province). Thus China needs stability in Burma, especially at the Sino-Burmese border.
- No less than 69 Chinese multinational corporations are currently involved in at least 90 hydropower, mining, and oil and gas projects across Burma.
- I have no confidence that China Premier will advise the Junta to make a few concessions toward making the national reconciliation.
- Chinese interest on Burma is only how to exploit our resources as long as there is no US base in Burma.

Tuesday, June 1, 2010

ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် မဟုတ်ပါဘူး။ ရဲဘော် ဖိုးသံချောင်း

၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲပြီးလို့ နိုင်ခဲ့ရင် ကိုယ့်ဟာကိုယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲတယ်။ အခု ရွေးကောက်ပွဲမှာကျတော့ နိုင်တဲ့လူတွေဟာ နအဖစိတ်ကြိုက် ရေးဆွဲအတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ လှောင်ချိုင့်ထဲကို ခုန်ဝင်ကြရမှာဖြစ်ပါတယ်

အတိုက်အခံတွေကိုလည်း သွေးကွဲအောင် လုပ်ထားပါတယ်။

အကျိုးအမျိုးမျိုးကို မျှော်ကိုးနေသူတွေဟာ နအဖဘက်ကနေ သဘောတရား ခင်းပေးတာ၊ ဆင်ခြေဆင်လက်ရှာပေးတာ၊ နအဖက မကြိုက်သူတွေကို ဆဲရေးတိုက်ခိုက်တာတွေ လုပ်နေကြပါတယ်။ အန်ဂျီအိုအမျိုးမျိုးက အယူအဆအမျိုးမျိုး ပြောနေတာတွေ ရှိသလို နိုင်ငံခြားရေးဝန်ကြီးပေါင်းးစုံ၊ အမတ်ပေါင်းစုံကလည်း သဘောထားတွေ အမျိုးမျိုးဖော်ပြနေကြပါတယ်။

ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုအတွက် မဟုတ်ပါဘူး။ ဒင်းတို့ရဲ့စားခွက်လုပွဲသက်သက်သာဖြစ်ပါတယ်။

For detail
http://www.khitpyaing.org/index.php?route=detail&id=1804