Monday, June 21, 2010

U WIN TIN MESSAGE TO SINGAPORE BURMESE ON DAW SU 65 BIRTHDAY


အဲဒီ ရွေးကောက်ပွဲ ဥပဒေများထဲမှာ အဓိကတော့ ဘာကိုရည်ရွယ်တာလဲ ဆိုတော့ NLD ကိုရော၊ ဒေါ်စုကိုရော နိုင်ငံရေးလောက ကနေပြီးတော့ ဖယ်ရှားဖို့ပေါ့။ ဖယ်ရှားပြီးတော့ ပ’ထုတ်ဖို့ ဆိုပြီးတော့ လုပ်တဲ့ဟာပဲလို့ တထစ်ချ ပြောလို့ ရပါတယ်။

စစ်အစိုးရ ဆက် ပြီးတော့ကာ အာဏာသက်ဆိုးရှည်ရေး ကိစ္စတွေကိုပဲ လုပ်တာဖြစ်တော့ - ဒီအခြေခံဥပဒေကို ကျနော်တို့က ငြင်းပယ်တဲ့ဟာက အခု ၂၀၁၀ ရောက်တဲ့အခါမှာဆိုရင် ဒါ အထွတ်အထိတ်ပဲ။ ကျနော်တို့ လုံးဝလက်မခံနိုင်ဘူး

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ NLD နဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ဗမာပြည် နိုင်ငံရေးဖြစ်စဉ်ကြီး တခုလုံးက နေပြီးတော့ ဖယ်ရှားဖို့၊ တွန်းထုတ်ဖို့၊ ပ’ထုတ်ဖို့ လုပ်တာ ဖြစ်

ကျနော်တို့ဟာ ပြည်တွင်း ရော၊ ပြည်ပရော ဒီမိုကရေစီလိုလားတဲ့ အင်အားစု အားလုံးကနေပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တသွေးထဲ တသားထဲ လက်တွဲခိုင်ခိုင်၊ မြဲမြဲဆုပ်ကိုင်ပြီး၊ ဆက်လက် ပြီးတော့ ရုန်းကန်ကြိုးပမ်းကြပါ။ စစ်အာဏာရှင်တွေကို ဖျက်ဆီးဖို့၊ ဖြိုချဖို့အတွက် အားထုတ်ကြပါ။

For details: moemaka.blogspot.com

No comments: