Monday, August 16, 2010

ဦးဝင်းတင် : လူထုအုံကြွမှုနဲ့ နိုင်ငံရေးသမားတွေရဲ့ ပိုင်းဖြတ်မှု အခန်းကဏ္ဍ

လူထုအုံကြွမှုဆိုတာ Spontanuous ပေါ်တဲ့ အရာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်ပြောနိုင်တာကတော့ - ၈ လေးလုံး လို အုံကြွမှုမျိုးက အခုလို အချိန်မျိုးမှာ အချိန်မရွေး အခါမလပ် ပေါ်ပေါက်လာနိုင်တယ် ဆိုတာကို မမေ့ကြပါနဲ့ ဆိုတာဖြစ်ပါတယ်။

နိုင်ငံရေးပါတီတွေ အဖွဲ့အစည်းတွေနဲ့ ပါတီခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ ဆိုတာက လူထုအုံကြွမှုကြီးတခုနဲ့ ရင်ဆိုင်ကြရပြီဆိုရင် မဦးဆောင်နိုင်ရင်တောင်မှ ပါဝင်ရမယ်၊ ပတ်သက်ရမယ်၊ ၀င်ရောက်ဆောင်ရွက်မယ်ဆိုတဲ့ ပိုင်းဖြတ်မှုမျိုးကတော့ ရှိရမယ်၊ ရှိသင့်တယ် လို့ ပြောချင်တယ်။
လူထုအုံကြွမှုကြီးကို မဦးဆောင်နိုင်ရင်တောင်မှ ပါဝင်ပတ်သက်မယ်၊ Involve လုပ်ကြမယ်၊ လက်တွဲမယ်၊ ချီတက်မယ် ဆိုတဲ့ ပိုင်းဖြတ်မှုမျိုး၊ ကြိုတင် ဆုံးဖြတ်ထားမှုမျိုး ကျနော်တို့မှာ ရှိသင့်တယ်၊

ပိုင်းဖြတ်ချက်၊ ဆုံးဖြတ်ချက်တွေ မရှိကြရင်တော့ လူထုအုံကြွမှုတွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဦးဆောင်သူတွေနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ပါဝင်မှု၊ လက်တွဲဆောင်ရွက်မှုတွေ မရတဲ့အတွက် တဖက်က ဖိနှိပ် ချေမှုန်းမှုတွေနဲ့ ကြုံကြရလိမ့်မယ်။

http://moemaka.blogspot.com/

No comments: