Tuesday, March 30, 2010

မှတ်ပုံမတင်ရန် ဆုံးဖြတ်

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ရုံးချုပ်၌ ကျင်းပသော ဆွေးနွေးပွဲ မှာ နိုင်ငံတ၀န်းရှိ NLD ကိုယ်စားလှယ် ၁၁၃ ဦးတို့က ကန့်ကွက်သူမရှိ မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်ပါ တယ်။


ဆွေးနွေးပွဲ မှာ ဦးဥာဏ်ဝင်း ဖတ်ကြားခဲ့ တဲ့ ဒေါ်စု မှာကြားသော စကား(၆) ခွန်း..က တော့
· ၁။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံခြင်း
· ၂။ ရွေးကောက်ပွဲဥပဒေများသည် ဒီမိုကရေစီမကျ၊ မတရား၍ လက်မခံတာဖြစ်ခြင်း
· ၃။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းတွင် ဆရာမွေး၊ တပည့်မွေးများ မလုပ်ရန်
· ၄။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မည်သူမှ ပိုင်ဆိုင်သည် မဟုတ်ခြငး
· ၅။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပျက်သွားခြင်း မဟုတ်ဟု မှာကြားခြင်းနှင့်
· ၆။ပြည်သူများမှ ဆက်လက် ပါဝင်ဆောင်ရွက်သွားပါရန် ...

အမျိုးသားဒီမိုကရေစီအဖွဲ့ဟာ နအဖရဲ့အပြင်းထန်ဆုံး တိုက်ခိုက်တာကို ခံရ ပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တဦးတည်းရင်ဆိုင်နေရတဲ့ပြဿနာလို့အသာလက်ပိုက်ကြည့်နေရင် အချောင်သမားဖြစ်သွားပါမယ်။

ဒီမိုကရေစီနည်း မဆန်တဲ့ အခြေခံဥပဒေလေးတွေကို တဖြည်းဖြည်း၊ တဖြည်းဖြည်းနဲ့ ရနိုင်မဲ့အခြေအနေလေးတွေ ပြောင်းလဲသွားဖို့ ရည်ရွယ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဖို့ (၇၅)ရာခိုင်နှုန်းအထက်ကိုယ်စားလှယ်ဦးရေရအောင်စည်းရုံးမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုတော့
စောင့်ကြည့်ချင်ပါသေးတယ်။

ဒီနေ့အတိုက်အခံအင်အားစုတွေ စုစည်း ဖို့လို ပါ တယ်။

Monday, March 29, 2010

Upheld dignity and the principles

Hook or by crook Junta will have to implement this unjustified election, just to get a semblance of legitimacy. Time has come to the people of Burma to demonstrate their national character of whether to yield to the military thugs or stood our ground, come what may, for men may come and men may go but the Genuine Union of Burma which Bogyoke Aung San had ignited will go on forever. For the people of Myanmar especially to the NLD, these unjust laws and unfair elections is not a fait accompli, rather a time to prove that the dignity and the principles of the people are more important than the existence of the political party. (Prof: Kanbawza Win, The Asian Tribune)

Thursday, March 25, 2010

Praise and disdain

Put my hat off to those ;
Members of NLD in Insein Township , the members of NLD in 19 townships from Bago Division, and the members of NLD in four townships from Mandalay Divisions who will object to re-registration of the party and urge responsible townships’ leaders to stand by the Shwegondaing declaration.

Disdain to those preparing to enter the elections
1. Aye Lwin, 88 Generation Students –Union of Myanmar,
2. Democratic Party , led by U Thu Wei
3. Diversity and Unity party led by Nay Myo Wei,
4. Yet to be named group led by former 88 generation student activists Phyo Min Thein and Thein Tin Aung
5. The Union Democracy Party led by Shan politician U Shwe Ohn.

Wednesday, March 24, 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သို့

“လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)

“လူ့ ဘုံထုံးစံ၊ ကဲ့ရဲ့ဒဏ်ဖြင့်၊ ရန်မာန်ပိတ်သည်း၊ ခရီးခဲ၌
စိတ်ဇွဲ သန်သန်၊ နောက် မပြန်ဘဲ၊ ရဲမာန် ရဲဆေး၊ ရစဲိတ် မွေးလျက်၊ ရဲသွေး နီနီ
စီရရီဖြင့်၊ ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။”
(မဟာ ဂန္ဓာရုံ ဆရာတော်ကြီး၊ အမရပူရ)

ဗိုလ်ချုပ်ရဲ့စကား၊ ဆရာတော်ကြီးရဲ့
သြဝါဒ ဆုံးမစကား အတိုင်း ရှေ့သို့ ရဲရဲ ချီတက်ကြ

ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သမိုင်း . . . ကိုယ်ရေး ကြရမှာ ဖြစ်သည့် အတွက်
မှားလား . . . မှန်လား
မှန်လား . . . မှားလား
မှားရင်ပြင်၊ မှန်ရင်ဆက်လုပ်ကြ

ပါတီမှတ်ပုံတင် ပြန်တင်ခြင်း အပေါ် လုံးဝဆန့်ကျင်ကြ

According to U Nyan Win after visiting Daw Suu on Tuesday, she will "never accept" her party registering for elections this year because laws governing the polls are unjust.
Daw Suu "says she will never accept registration under unjust law, but her personal opinion is not to give orders nor instructions to the NLD. She asked the NLD to decide democratically,"

ရွေးကောက်ပွဲ ၀င်နိုင်ရေးအတွက် ပါတီမှတ်ပုံတင် ပြန်တင်ခြင်းအပေါ် ဒီချုပ်မှ လုံးဝဆန့်ကျင်ကြ ဖို့ လိုအပ် နေ သည်။

ဒီမိုကရေစီ တိုက်ပွဲဝင် အဖွဲ့အစည်း အားလုံ ရွေးကောက်ပွဲ လုံးဝဆန့်ကျင်ကြ ဖို့ လိုအပ် နေ သည်။

Tuesday, March 23, 2010

Be Unite NLD

စိတ်မကောင်းစရာ
ဗဟိုအလုပ်အမူဆောင်တွေကြားမှာ “ပါတီမှတ်ပုံတင်ရေး” နဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေ ကွဲ့ နေသည်။ “မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်” တဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းခဲ့မယ်လို့ ပါတီက ဆုံးဖြတ်ခဲ့ရင် ပါတီကနေ ထွက်တော့မယ်လို့ ဦးဝင်တင်က ပြော သည်။

ရှေ့နေကြီးဦးဥာဏ်ဝင်း က ထားရာနေစေရာသွားတဲ့ အဖြစ်မျိုးကိုလက်မခံနိုင်ဘူး.. နောက်ကိုယ့်အဖွဲ့ရဲ့ ခေါင်းဆောင်ကို ပါတီကထုတ်ပစ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူး... ရှင်းရှင်းပြောရရင် နွားဖါးကြိုးအထိုးခံရမယ့် အဖြစ်မျိုးကိုလက်မခံနိုင်ဘူး.. ဒါကြောင့် ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူး..

ရွေးကောက်ပွဲဥပဒေကို ပါတီရှင်သန်ဖိုလက်ခံချင်သည့် ဦးအောင်ရွှေ ဦးခင်မောင်ဆွေတို့ က ပါတီမှတ်ပုံတင်မယ့် လူတွေ။ ဦးခင်မောင်ဆွေက ပါတီမှတ်ပုံမတင်ဖို့ ပြောနေသူတွေက ပါတီမရှိတဲ့ နိုင်ငံရေး လူထုနိုင်ငံရေးလုပ်။ သူတို့ကတော့ ပါတီနိုင်ငံရေး လုပ်မယ်တဲ့။

Friday, March 19, 2010

(၂၀၁၀) ရွေးကောက်ပွဲ သဘောထား

ဦးဝင်းတင်
"စစ်အစိုးရဟာ ဘီလူးရုပ်ကို ဖုံးဖို့ ကြိုးစားနေပါပြီး၊ လူယောင်ဆောင်ဘို့ စိုင်းပြင်းနေပါပြီ။ ရွေးကောက်ပွဲဆိုတာ အဲဒီလူယောင်ဆောင်ရာမှာ လိမ်းချယ်မဲ့ သနပ်ခါးဖြစ်ပါတယ်။ သနပ်ခါး ဘယ်လိုလိမ်းလိမ်း ဘီလူးကတော့ ဘီလူး အစွယ်နဲ့ပြူးပြူးပဲနေမှာပါ။……. နိုင်ငံရေးအင်အားစု အားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး၊ နိုင်ငံရေး လှုပ်ရှားသူအားလုံးရဲ့ အဓိကတာဝန်က ဘီလူးကို အစွယ်ချိုးဖို့၊ အစွယ်နုတ်ဖို့ပဲ ဖြစ်ပါတယ်။ စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ နိုင်ငံရေးနားမယောင်ကြဖို့ပဲ ဖြစ်ပါတယ်"

ရဲဘော်ကျော်သန်း
ဒီမိုကရေစီတရားဆိုတဲ့ လူ့ယဉ်ကျေးမှု သင်းကွပ်ထားတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ အမြုံစစ်ကျွန် ဖွဲ့စည်းပုံဥပဒေတွေကနေ ဒီမိုကရေစီရလိမ့်နိုး ထင်စားနေသူတွေဟာ လမင်းကို ဒိန်ခဲထင် စာရနိုးနဲ့ အူနေတဲ့ မြေခွေးထက် မိုက်မဲတယ်ဆိုရင်တောင် မလုံလောက်သေးဘူး။

အောင်ဒင်
နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ။ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထား တဲ့ဖွဲ့စည်းပုံ၊နိုင်ငံတကာ အစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ ကြည့်ရင် သိလောက်ပါရဲ့။
နအဖ ရဲ့ ဖိအားပေးမှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက်သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်။
အဲဒီ ပြဋ္ဌန်းချက်တွေ အရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။

ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ် လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊
ရှေ့ဆက်ရမည့် ခရီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ လူထုနဲ့ အတူ ဆက်ရှိနေမှာလား ? လူထုကို ကျောခိုင်းသွားကြမှာလား?
"သေချာတာကတော့ စိတ်ကူးယဉ်နေဖို့ အချိန်မဟုတ်တော့ပါ"


မိုးသီးဇွန်
ရွေးကောက်ပွဲကိုဝင်လျင် ၉၀ ခုနှစ်ကလို NLD က တနိုင်ငံလုံးတွင် မဲအပြတ်အသတ်နိုင်မည်ဟု ထင်လျှင် ငါးပါးကြီးမှောက်ပါလိမ့်မည်၊ ရိုးစင်းစွာ ပြောလိုပါသည်၊
ပါတီမှတ်ပုံတင်ခြင်း၊ ရွေးကောက်ပွဲဝင်ခြင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်သဘောထားကိုတောင်းခံပြီးမှဆောင်ရွက်သင့် ပါတယ်။
ကောင်းပါပြီ။ ယခု စစ်အစိုးရက တနိုင်ငံလုံးတွင် အကွက်ချပြီး စီစဉ်နေပြီးဖြစ်သည်။ စစ်အစိုးရ၏ ကောက်ကျစ်ယုတ်မာမူများကို ယခုကတည်းက ကြားနေကြသည်။ သူတို့ကို မည်သို့နည်းနှင့်မျ ယဉ်နိုင်ရန်အကြောင်းတရားမရှိချေ။ သူတို့မှ တရားဥပဒေမရှိ။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အခြားနိုင်ငံရေးခေါင်းဆောင်များနှင့် စင်ပြိုင်အစိုးရကို ချက်ချင်းဖွဲ့စည်းရန်လိုအပ်ပါသည်။

ထွန်းအောင်ကျော်
နအဖသည် ပြည်တွင်းထောက်ခံမှုကို သေနတ်နှင့် မိုး၍ ရယူထားမည်၊ NLD မှ ဒေါ်စုနှင့် ပါတီဝင် နိုင်ငံရေးအကျဉ်းသားများကို မိမိသဘောနှင့် မိမိ ထုတ်ပယ်ပစ်လိုက်လျှင် နအဖတို့ ကွက်ချထားသည့်အတိုင်း ဖြစ်သွားပြီး ရွေးကောက်ပွဲတွင် နအဖမှ ကျိန်းသေနိုင်မည်။
၁၉၉၀ ရွေးကောက် ပွဲရလာဘ်ကို အခြေခံ၍ NLD ပါတီသည် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ရန် နောက်ဆုံး အကြိမ်ဖြင့် ကြိုးစားသင့်သည်

Thursday, March 18, 2010

ABSDF ထွန်းအောင်ကျော် အတွေးများ။

နအဖသည် ရွေးကောက်ပွဲ ဥပဒေများကို တပြုံကြီး ထုတ်ပေးလိုက်သော်လည်း ရွေးကောက်ပွဲနေ့ရက်ကိုမူ မကြေငြာသေးဘဲနေသည်။ ဤအချက်သည် နအဖသည် ရွေး ကောက်ပွဲ နိုင်မနိုင် ၎င်းတို့ ဆင်ကွက်ထဲသို့ ၀င်မ၀င်ကို သွေးထိုးစမ်းကစားနေသည့် အခြေ အနေတွင် ရှိသည်၊ ၎င်းတို့ ဆင်ထားသည့် အကွက်ထဲသို့ NLD ပါတီ ၀င်မ၀င်စောင့်ပြီး၊ ၀င်လာသည့် အခါတွင်မှ ရွေးကောက်ပွဲရက်ကို ကြေငြာမည့် သဘောဖြစ်သည်။ အချုပ်အား ဖြင့် ရွေးကောက်ပွဲ အနိုင်ရရန် ယ္ခုအထိ နအဖ အနေနှင့် မကြိမ်းသေသေး၍ ရက်အတိအကျ မကြေငြာဘဲထားခြင်း ဖြစ်သည်ဟု ယူဆသည်။
နအဖသည် ပြည်တွင်းထောက်ခံမှုကို သေနတ်နှင့် မိုး၍ ရယူထားမည်၊ NLD မှ ဒေါ်စုနှင့် ပါတီဝင် နိုင်ငံရေးအကျဉ်းသားများကို မိမိသဘောနှင့် မိမိ ထုတ်ပယ်ပစ်လိုက်လျှင် နအဖတို့ ကွက်ချထားသည့်အတိုင်း ဖြစ်သွားပြီး ရွေးကောက်ပွဲတွင် နအဖမှ ကျိန်းသေနိုင်မည်။ နိုင်လျှင် ပြည်ပအစိုးရများမှ NLD ပါဝင် ယှဉ်ပြိုင်သဖြင့် နောက်တက် လာသော နအဖ၏ အသွင်ပြောင်းအစိုးရကို ကြိုက်ကြိုက်မကြိုက်ကြိုက် ထောက်ခံကြရတော့မည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် NLD ပါဝင်ရေးသည် နအဖအတွက် အလွန်အရေးကြီးသည်။ ပါဝင်လျှင်လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ကြုံးဝင်ရန်အတွက် ဒေါ်စုတို့ကို ပါတီမှ ထုတ်ပယ်ထားပြီးဖြင့်သဖြစ် နအဖအနေဖြင့် NLD ပါတီကို အနိုင်ရမည်ဖြစ်သည်။ နိုင်ငံတကာမှလည်း NLD ပါတီ ပါဝင်ယှဉ်ပြိုင်သည်နှင့် ရွေးကောက်ပွဲရလာဘ်ကို အသိအမှတ်ပြုရတော့မည်ဖြစ်သည်။ အသိအမှတ်ပြုလိုက်သည်နှင့် နအဖအသွင်ပြောင်းအစိုးရသည် အာဏာကို ဆက်လက်၍ လက်ဆင့်ကမ်းယူသွားပြီး စစ်အုပ် စိုးမှုစံနစ်ကို မြန်မာပြည်တွင်းတွင် နက်ရှိုင်းစွာ မြစ်တွယ်နိုင်ရန် မျိုးစေ့ချပေတော့မည်။
ဤအခြေအနေကို ဖျက်ရန်အတွက် NLD ပါတီသည် ဒေါ်စုကို မထုတ်ဘဲ တင်းခံထားပြီး တဖက်မှလည်း အရှိအတိုင်း မှတ်ပုံတင်ရမည်။ မှတ်ပုံတင်ခြင်းသည် နိုင်ငံရေးပါတီတခု၏ လုပ်ရိုးလုပ်စဉ်အတိုင်း နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ရေးအတွက် မှတ်ပုံတင်ခြင်းသာ ဖြစ်သည်။ ရွေးကောက်ပွဲ ၀င်မ၀င်ဆိုခြင်းအတွက် မှတ်ပုံတင်ခြင်းမဟုတ်။ ရွေးကောက်ပွဲ ၀င်မ၀င် ဆုံးဖြတ်ချက်ကို ယခုထိ မဆုံးဖြတ်နိုင်သေးကြောင်း တဆက်တည်း ကြေငြာချက် ထုတ်ရမည်။ ၎င်းတို့ တရားဝင်မှတ်ပုံတင်ခြင်းကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ၎င်းဆုံးဖြတ် ချက်သည် နအဖ၏ တာဝန်သာဖြစ်သည်ဟူ၍ တပြည်လုံးသို့ ကြေငြာရမည်။ ထိုအခါ နအဖမှ NLD ပါတီအား ပါတီမှတ်ပုံတင်ခြင်း ဥပဒေနှင့် မညီညွတ်သဖြင့် နိုင်ငံရေးပါတီ အဖြစ်မှ မှတ်ပုံတင်ခြင်းကို လက်မခံဘဲ ပယ်ချလိုက်လျှင်သော်လည်းကောင်း၊ နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်း လိုက်လျှင်သော်လည်းကောင်း ပြုလုပ်ရတော့မည်။ ထိုအခါတွင် နအဖ၏ ပြည်ပအသိအမှတ်ပြုမှုကို ရရှိနိုင်ရန် ကြိုးစားမှုမှာ ပျက်ပြယ်သွားတော့မည်ဖြစ်သည်။ အကြောင်းမှာ နိုင်ငံတကာမှ အဓိကတောင်းဆိုနေသော ချက်သုံးချက်ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ် ပြိုင်ခွင့်ရှိရေး၊ လွှတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပေးရေးတို့ဖြစ်သည်။ ထိုအချက် သုံးချက်စလုံးကို နအဖမှ ချိုးဖောက်လိုက်ပြီးဖြစ်သည်။ အကြောင်းမှာ ဒေါ်အောင်စုကြည် ပါဝင်ယှဉ်ရေးမဆိုထားနှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေသည့်အတွက် ၎င်းပါဝင်သည့် နိုင်ငံရေးပါတီကို နအဖမှ ရွေးကောက်ပွဲ ဥပဒေဖြင့် ဖျက်သိမ်းလိုက်ခြင်းသည် မြန်မာနိုင်ငံတွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်တော့ကြောင်း ထင်ရှား စေလိမ့်မည်ဖြစ်သည်။ NLD ပါတီအနေဖြင့် မှတ်ပုံတင်ခွင့် မရသော်လည်း နအဖ၏ ညစ်ပတ် မှုကို ကမ္ဘာသိ သက်သေပြနိုင်မည်ဖြစ်သည်။ နအဖက NLDအား အသိအမှတ်မပြုသော်လည်း ပြည်သူများက အသိအမှတ်ပြုနေမည်သာဖြစ်သည်။
နောက်တနည်းမှာ ၁၉၉၀ ရွေးကောက် ပွဲရလာဘ်ကို အခြေခံ၍ NLD ပါတီသည် အစိုးရတရပ်ကို ဖွဲ့စည်းနိုင်ရန် နောက်ဆုံး အကြိမ်ဖြင့် ကြိုးစားသင့်သည် ဟုမြင်သည်။ ဦးနုသည် ၈၈ ကာလတွင် အစိုးတရပ်လည်း ကြေငြာခဲ့ဖူးသည်။ သို့ရာတွင် ဦးနုသည် နိုင်ငံရေးကွင်းဆက် ပြတ်နေခဲ့သည့်အတွက် မအောင်မမြင်ဖြစ်ခဲ့ရသည်။ NLD အနေနှင့် နှစ်ပေါင်း ၂၀ ကျော်ကြာ အခက်ခဲမျိုးစုံနှင့် ရင်ဆိုင်ခဲ့ရသည်၊ သို့ရာတွင် ပြည်သူတို့နှင့် ကွင်းဆက်ပြတ်ခြင်းမရှိဘဲ ရပ်တည်နေသည့် တခုတည်းသော ပြည်သူ့ပါတီ ဖြစ်သည်။ ပခုက္ကူမြို့တွင် NLD ရုံးဖွင့်သည့်အခါ ပြည်သူ လေးသောင်းကျော် လာရောက် အားပေးခဲ့သည်ကို ကြည့်လျှင် NLD သည် ဖိနှိပ်မှု မျိုးစုံကြားမှ ပြည်သူ့ထောက်ခံမှုကို ရရှိနေသေးသည်ဟု မြင်သည်။ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် ဂန္ဒီခန်းမတွင် NLD လွှတ် တော်အမတ်များ စုံညီစွာ တက်ရောက်ခဲ့စဉ် အစိုးရဖွဲ့နိုင်ရန် အခွင့်အရေး ရရှိခဲ့သော်လည်း လက်တွန့်ခဲ့သည့်အတွက် အခွင့်အရေး ဆုံးရှုံးခဲ့ရသည်ကို နမူနာယူသင့်သည်။ နအဖသည်
အမြဲတမ်း လက်ဦးမှုကို ရယူ၍ အုပ်ချုပ်လာခဲ့သူဖြစ်သည်၊ ထိုအချက်ကို NLD အနေဖြင့် နမူနာယူ၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရဲရမည်။ ဒေါ်စုနေအိမ်တွင် ချိတ်ဆွဲပြ ထားသည့် (အာဇာနည်တို့မည်သည် မိမိလုပ်ရမည့် အလုပ်ကို ဆုံးခန်းတိုင်အောင် လုပ်ရမည်) ဆိုသည့် အဓိပ္ပါယ်ကို စဉ်းစားဖို့ အချိန်ရောက်ပြီ။ ထို့ကြောင့် NLD အနေနှင့် ကြေငြာရဲရမည်၊ ကြေငြာပိုင်ခွင့်လည်းရှိသည်၊ ကြေငြာရမည့် အချိန်လည်း ရောက်ပြီ။

Wednesday, March 17, 2010

ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။

မတ်လ ၂၉ ရက်နေ့မှာမှ CEC အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်CC တွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေ လုပ်ပြီးမှ အားလုံးလျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်.


ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအ သုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။

အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော် ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလိုပဲဖြစ်မှာပဲလို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ် တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။

(NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်း တင် )

Sirindhorn visiting Burma

Princess Maha Chakri Sirindhorn, 55 yrs old, from Thailand is to meet Than Shwe and Thiha Thura Tin Aung Myint Oo – Secretary No. 1, on her visit to Burma. She is also to visit Rangoon and Irrawaddy divisions, areas affected by the 2008 Cyclone Nargis, in order to observe recovery projects which are under the patronage and support of her in the divisions, started since 2008,
It was her fourth visit to Burma. She was a guest of Ne Win in her first visit in 1986. Second and third visit was in 1994 and 2003.
Junta did not meet Human Right envoy Mr Quintana but Junta agreed to meet Sirindhorn.
I would like to warn to her that you can be selected by Junta Than Swe as his wife as he seem to be assume himself of King of Burma.

Tuesday, March 16, 2010

Quintana Report

Quintana said "the possibility exists that some of these human rights violations may entail categories of crimes against humanity or war crimes under the terms of the statute of the International Criminal Court."Upcoming polls in Myanmar could not be credible given that the ruling junta showed "no indications" that it would release political prisoners and allow them to participate.

Junta representative Wunna Maung Lwin replied that it is "unfounded allegations" from "unverifiable sources".

Actually, it is Junta who has been doing unfounded allegation to NLD and Daw Su.

Thursday, March 11, 2010

Mockery of democratic process

Under the Political Party Registration Law, person who is being sentenced are not eligible to be a member of political party.
Political party will be abolished if minimum 3 persons is not participated in coming election.

Oh how shameless, selfish Junta . That kind of law never come across in the world law’s book. So this is Burmese way to guided democracy, following the foot step of Ne Win’s Burmese way to Socialism.

The above paragraphs clearly targeted to Daw Su not to be involved in political party in 2010 as she has been sentenced for 3 yrs(half of the sentenced was commuted by Junta Than Swe). NLD also have to be participate in the general election if NLD continue to stand as political party.

U.N. Secretary General Ban Ki Moon criticized the junta for disqualifying Daw Su from participating in the general election this year.
The United States will not recognize the outcome of Burma's elections scheduled for later this year because of new laws that ban political prisoners and the country's leading democratic activist from participating, the US State Department said Wednesday.

The Junta will not care Mr Ban Ki Moon or US criticism. As they are soldiers and they will surrender only they have no gun at all and being defeated.

Wednesday, March 10, 2010

Asean to End Nargis Aid

The Association of Southeast Asian Nations (Asean) announced at the seventh meeting of the Asean Humanitarian Task Force (AHTF) in Hanoi on Monday that it will end its recovery assistance in Cyclone Nargis-affected regions in Burma by July.
NGO in Burma said more than 500,000 Cyclone survivors in affected Irrawaddy and Rangoon Division still lacked shelter and work.

Asean appealed for an additional US $103 million to address the pressing needs faced by Cyclone Nargis survivors in November 2009.
As of 28 Feb 2010, total pledges had increased to US $91.3 million, and a total of US $38.57 million had been received by either trust fund or implementing partners, according to the statement.

၂ဝ၁ဝ ရွေးကောက်ပွဲ အ မြင် သ ဘော ထား

တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ဆိုရင် နအဖ စေလိုရာအတိုင်း အလျှော့ပေး လိုက်လျောလို့ မဖြစ်ဘူးဆိုတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ထောင်ကျတန်းကျခံ၊ ဘ၀အပျက်ခံပြီး စွန့်လွှတ်အနစ်နာခံနေကြတဲ့သူတွေ ထောင်နဲ့ချီ ရှိနေဆဲပါ။ အသေခံသွားကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။ အဲဒီလို လက်နက်ကောင်းနဲ့ အနာခံ တိုက်ပွဲဝင်နေသူတွေ ရှိနေတာကို မေ့လွယ်ပျောက်လွယ် သဘောထားပြီး ဗိုလ်သန်းရွှေ လုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုင်းသံမှာ အမြီးဝင်နှန့် ဘရိတ်ဒန့်စ် ကနေကြတာဟာ သင့်တော်၏ မသင့်တော်၏ အလေးအနက် စဉ်းစားသင့်ကြပါတယ်။

ပြည်သူ့လွှတ်တော်စစ်စစ်ကိုတော့ ဗိုလ်သန်းရွှေရဲ့ ခါးမှာချိတ်ထားတဲ့ သော့တချောင်းတည်းနဲ့ ဖွင့်လို့မရတာ အသေအချာပါ။ ဗိုလ်သန်းရွှေအပြင် အခြားသော့ကိုင်တွေအားလုံး စုံညီပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို ဖွင့်လှစ်နိုင်မှာပါ။ အဲဒီပြည်သူ့လွှတ်တော်စစ်စစ်ကို ဖွင့်နိုင်မယ့် သော့ကိုင်တချို့ လောလောဆယ် ထောင်ထဲမှာ ရှိနေကြပါတယ်။

ဘယ်သူတွေဆီမှာ ရှိတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်တို့ဆီမှာ ရှိတယ်။ ဦးခွန်ထွန်းဦး အပါအ၀င် ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များအဖွဲ့က ခေါင်းဆောင်တွေဆီမှာ ရှိတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဆီမှာ ရှိတယ်။ အဲဒီပုဂ္ဂိုလ်တွေ စုံလင်ပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို အောင်အောင်မြင်မြင်ဖွင့်ပြီး ၀င်နိုင်မှာဖြစ်လို့ အဲဒီသော့ကိုင်တွေအားလုံး အပြင်ကို စုံစုံညီညီ ရောက်တဲ့အချိန်အထိ စောင့်ကြဖို့ အကြံပြုလိုပါတယ်။ မြန်မြန် အပြင်ရောက်စေချင်ရင် စုစုစည်းစည်း တိုက်ပွဲဝင်ကြဖို့ လိုပါမယ်။
အဲဒါကြောင့်မို့ ဥပဒေလေးတွေ ထုတ်ပြန်ရုံနဲ့ ပါတီထောင်ဖို့ စိတ်မစောကြပါနဲ့။ ရွေးကောက်ပွဲဝင်ဖို့ စိတ်မလောကြပါနဲ့။ ဗိုလ်သန်းရွှေလည်း သူ့အခြေအနေ သူသိလို့ ရက်မကြေညာသေးပါဘူး။ စိတ်အေးအေးထားပြီး သော့ကိုင်တွေအားလုံး စုံစုံညီညီ အပြင်ရောက်ဖို့အတွက်သာ နည်းမျိုးစုံနဲ့ အကြံထုတ် တိုက်ပွဲဝင်ကြပါလို့ အမြီးနှန့်ချင်သူအပေါင်းအား စေတနာကောင်းနဲ့ ကြေညာမောင်းခတ်လိုက်ရပါတယ်။

(Excerpts from Dr Lun Swe article at Khit Pyaing Journal)

Tuesday, March 9, 2010

SPDC unveil Election Law

SPDC is going to make election soon as Election Law is coming out. NLD issued a statement in 2008 that constitution be revised to remove all anti-democratic elements.. How is the NLD going to resolve this issue?
Ban Ki-moon said on Monday that he has sent a letter to Myanmar's military chief expressing his concern about the credibility and transparency of the nation's upcoming elections. He said election must include Daw Aung San Suu Kyi, Political prisoners must be released so that “all of them can take part in elections,”

Retired British Diplomat Mr Derek Tonkin,said that the upcoming election are going to be quite ritualistic. But the likelihood is that it will pass of without incident, and we don’t particularly endorse the results but we will deal with them. Give the civilians and military 5 to 10 years to learn how to work well together.

Monday, March 8, 2010

အလုပ်သမားတော်လှန်ရေးမှသည် လူထုအရေးတော်ပုံသို့

မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံက အလုပ်သမား လုပ်အားခနည်းလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေရာမှာ ဒီကနေ့မှာလည်း မင်္ဂလာဒုံ ဖာမိုတို စက်ရုံမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တယ်။ မနေ့တုန်းကလည်း ရွေပြည်သာမြို့နယ် စက်မူဇုံ (၃) က ယူအိုင်ပီနဲ့ အာရှသမာဓိ အထည်ချုပ် စက်ရုံတွေမှာ လုပ်အားခနည်းပါးမူကြောင့် ဆန္ဒပြမူတွေ ဆက်ဖြစ်နေပါတယ်။ ဒီအလုပ်သမားတွေရဲ့ တောင်းဆိုမူတွေ မရသေးတာကြောင့် အခုထိ ညှိနှိုင်းနေတုန်းပဲလို့လည်း သိရပါတယ်။ ဂရမ်းရွိုင်ရယ် ၀ီစကီ စက်ရုံက အလုပ်သမားတွေကတော့ သူတို့ရဲ့ တောင်းဆိုချက် တချို့ ရသွားတယ်လို့ သိရပါတယ်

တနိုင်ငံလုံးက အလုပ်သမားတွေရဲ့ဆန္ဒပြပွဲတွေ ဆက်ဖြစ် မလာနိုင်ဘူးလား။ အလုပ်သမားတွေသာမက လယ်သမားတွေ၊ ၀န်ထမ်းတွေ၊ ငတ်မွတ်နေတဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ရဲတွေ၊ တပ်မတော်သားတွေပါဝင်တဲ့ အလွှာစုံ လူထုအုံကြွမှုအရေးတော် ပုံကြီး ဆက်ဖြစ်မလာနိုင်ဘူးလား။

စက်ရုံအလုပ်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြပွဲမှာ အားဖြည့်ပါဝင်ရင်း အလုပ်သမားတော်လှန်ရေးမှသည် လူထု အရေးတော်ပုံသို့

(Excerpt from VOA and Bo Thu artilces from Dr Lun Swe blog)

Tuesday, March 2, 2010

မြန်မာ စစ်တပ်

စစ်တပ်မှာ အာဏာလက်လွှတ်ရမှာကြောက်တဲ့ အကြောက်လွန်ရောဂါ ရှိပါတယ်၊ အဲဒီရောဂါနှိပ်စက်နေလို့ စစ်တပ်မှာ တခြားဝေဒနာဆိုးတွေလည်း အများကြီး ကူးစက်ပြန့်ပွားကုန်ပါတယ်၊ စစ်တပ်ကိုယ်တိုင်က ဒီလို အကြောက်လွန်ရောဂါ ရှိနေတာကိုသိပါလျက်နဲ့ မကုစားနိုင်ဘဲ မထွေးနိုင်မမြိုနိုင် ဖြစ်နေပါတယ်။
ဝင်းဖေ (ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က တဆင့်ပြန်လည် ကူးယူတင်ပြပါတယ်)

48 years under green uniform

Today, 2 March, known as Peasant Day in Burma, is actually the day Ne Win took power from elected democratic government by military mean. Since 2 March 1962, Burma has been going down hill till today. Burma situation has been worse and worse. Current regime took power in 1990 from Ne Win's BSPP and changed the political and economic system. But changing the system has no benefit to the people, only Junta and his cronies got the benefits. No meritocracy, no transparency, no rights at all in the current system. As long as green in uniform govern the country, there will be no development for the country.